Additionally, paste this code immediately after the opening tag:

Item Organizer (ပစ္စည်းများ စနစ်တကျ သိမ်းနည်း App)

ဒီ App ကလေးက ကိုယ့်အတွက် ဘယ်လို အသုံးဝင်မလဲ ခဏလောက် စဉ်းစားကြည့်ပါလား ?? မိမိ နေအိမ် သို့မဟုတ် လုပ်ငန်းတွ...

Free

Store review

ဒီ App ကလေးက ကိုယ့်အတွက် ဘယ်လို အသုံးဝင်မလဲ ခဏလောက် စဉ်းစားကြည့်ပါလား ??

မိမိ နေအိမ် သို့မဟုတ် လုပ်ငန်းတွင် ပစ္စည်းပေါင်း ရာနဲ့ချီပြီး ၎င်း ပစ္စည်းများကို ကုဒ်နံပါတ်နဲ့ တကွ အလွယ် တကူ ရှာဖွေ သိမ်းဆည်းနိုင်ရန် စီစဉ်ထားချင်တယ် ဆိုရင်တော့ ဒီ App လေးက လိုအပ်ချက်ကို ဖြည့်ပေးနိုင်ပါလိမ့်မယ်။

ပထမဆုံး မိမိ ပစ္စည်းများကို အမျိုးအစား အုပ်စုလိုက် သိမ်းဆည်းချင်ပါလိမ့်မယ်။ အဲ့ဒီအတွက် အထွေထွေ အုပ်စု (General) ကို ထည့်သွင်းပေးထားပါတယ်။ အုပ်စု စာရင်း (Category List) မှာ ကြည့်နိုင်ပါတယ်။ အဲ့ဒီ List ထဲက အုပ်စုကို ပြင်ချင်တာ သို့မဟုတ် ဖယ်ထုတ်ချင်တာဆိုရင် နှိပ်လိုက်ပါ။

အုပ်စု အသစ် ဖန်တည်းချင်ရင်တော့ အုပ်စု အသစ် (New Category) ကို ရွေးချယ်နိုင်ပါတယ်။ Category Name နဲ့ Description တို့ကို ဖြည့်ဆွက်ပြီး OK နှိပ် ဖန်တည်းနိုင်ပါတယ်။

အဲ့ဒီနောက် မိမိ သိမ်းချင်တဲ့ ပစ္စည်းကို ပစ္စည်း အသစ် (New Item) တွင် နှိပ်ပြီး Item Name, Description, Default Category နဲ့ My Category တို့ကို ရွေးချယ် ဖြည့်ဆွက်ပြီး OK နှိပ်ပါ။ ပြီးရင် ပစ္စည်း စာရင်း (Item List) တွင် ကြည့်နိုင်ပါပြီ။

ဥပမာ မိမိ ပစ္စည်းသည် Default Category – A1 ဖြစ်ပါက ၎င်းကို မိမိ ပစ္စည်း ထားရှိရာတွင် စာရွက်ငယ်လေးများဖြင့် အလွယ်တကူ ကပ်ထားပါက လိုအပ်သည့်အခါ လိုက်လံ ရှာဖွေနေစရာ မလိုဘဲ အလွယ်တကူ ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။ သို့သော် စနစ်တကျ ပြန်လည် ထားရှိခြင်း စတဲ့ စည်းကမ်းမျိုးကိုတော့ လိုက်နာရမည် မဟုတ်ပါလား ??
Default Category ကို အင်္ဂလိပ် အက္ခရာများနှင့် ဂဏန်း ၁ မှ ၅၀၀ ထိ ထည့်သွင်းပေးထားပြီး My Category ကို မိမိ ကြိုက်သလောက် ထည့်သွင်းနိုင်ပါတယ်။ ရှာဖွေရလွယ်ကူစေရန် View By နှင့် Search By တို့ကို ထည့်သွင်းပေးထားပါတယ်။

ဒီ App ကလေးရဲ့ အချက်အလက်ဖိုင် နာမည်က ItemOrganizer.dat ဖြစ်ပါတယ်။ အများအားဖြင့် ကိုယ့်ဖုန်းရဲ့ SD Card ထဲက ItemOrganizer ဖို-လ်ဒါ အောက်ထဲမှာ သိမ်းပေးထားပါတယ်။ ဖုန်း ပြောင်းလည်းပြီး သုံးချင်ရင်တော့ ဒီဖိုင်လေးကို ရွေ့ပြီး လဲပေးလိုက်ခြင်းဖြင့် ဆက်လက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီ App ကလေးကို Online Internet ဖွင့်၍ Free အသုံး ပြုနိုင်မှာဖြင့်ပြီး Offline သုံးချင်ရင်တော့ ဝယ်ယူရမှာ ဖြစ်ပါတယ်။ ဝယ်ယူလိုပါက အချက်အလက် (Information) တွင် ဆက်လက် ဖတ်ရှုရန်ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Last update

Jan. 2, 2020

Read more